Skip to content

Churches Stronger

View this page in your language

Introducing Churches Stronger

အသင်းတော်များကိုခိုင်ခံ့စေခြင်း(Churches Stronger)ဆိုတာက သမတရားဗဟိုပြုပြောင်းလဲရေးသင်ခန်း စာပေးဖို့အတွက်ပလက်ဖေါင်းအသစ်တစ်ခုပါပဲ။ တနှစ်နှစ်ကြိမ်ပုံမှန်တွေ့ဆုံပြီးတော့သင်တန်းပေးမယ့်အစား WhatsApp ကနေသင်ခန်းစာများကိုအပတ်တိုင်းပေးဖို့အစီစဉ်ပဲဖြစ်တယ်။ အဲဒီသင်တန်းစာတွေကို တရား ဟောခြင်း(သို့)အဖွဲ့ငယ်တွေမှာသင်ကြားပေးဖို့အတွက်ရည်ရွယ်တယ်။ သင်းအုပ်ဆရာဖြစ်မှ သင်းထောက် ဖြစ်မှ မဟုတ်ပါဘူး။ လူတိုင်းပါ၀င်လို့ရတယ်။ ကိုယ်အသက်တာကြီးထွားဖို့အတွက် သင်ခန်းစာများကို ရယူ ချင်လည်း လျှောက်လို့ရပါတယ်။

TCT ဆိုတာဘာလဲ

TCT ဆိုတာကဏအသီးသီးမှာ တပည့်တော်ဖြစ်ခြင်းအစီစဉ်တခုပါပဲ။ အသက်တာနယ်ပယ်အသီးသီးမှာ နာခံလိုက်လျှောက်သင်ယူစေဖို့အတွက် ယုံကြည်သူများကိုကူညီပေးဖို့အတွက်ရည်ရွယ်ပါတယ်။ သူတို့နာခံတဲ့အတိုင်း ဘုရားဘုန်းတော်ထင်ရှားကာ အသင်းတော်တွေကြီးထွားပြီး ယုံကြည်သူတွေရင့်ကျက်လာတာနဲ့ ရပ်ရွာအသိုင်းအ၀ိုင်းတွေပြောင်းလဲသွားတာကို ကျွန်မတို့မြင်တွေ့ခဲ့ပြီးပြီ။ မဆုံးနိုင်တဲ့သက်သေခံချက် – အိမ်ထောင်သာယာတာ ၀င်ငွေတိုးတာ ဆင်းရဲသားအကူအညီရရှိတာ တစ်ထောင်မကသောသာဓကတွေမှာအသိုင်းအဝိုင်းတခုလုံးပြောင်းလဲသွားတာကို ကျွန်မတို့မြင်တွေ့ခဲ့ရပါပြီ။ 

TCT-အစီစဉ်နှစ် နှစ်ဆယ့်နီးနီးပြုလုပ်ပြီးပါပြီ။ လက်ရှိနိုင်ငံပေါင်း(၂၀)ကျော်မှာလုပ်နေဆဲပါ။ အောက်ပါ လိန့်ထဲဝင်ပြီးကြည့်နိုင်ပါသည်။

ဤအစီစဉ်၌ မည်သူဝင်လျှောက်နိုင်သနည်း။

လူတိုင်းပါဝင်နိုင်သည်။ သင်စာရင်းသွင်းသည့်အခါ၌ အမူတော်ဆောင်များ အသင်းတော်ခေါင်းဆောင်များ တပါးသူကိုဟောကြားဖို့သင်ကြားဖို့(သို့) မိမိအသက်တာအတွက်အသုံးပြုဖို့အစီစဉ်ရှိခဲ့လျင် မေးခွန်းတော့ မေးပါမည်။ ဒါကတော့ ၎င်းသင်ခန်းစာများကို မှန်မှန်ကန်ကန်အသုံးပြုနိုင်ဖို့သက်သက်ပါပဲ။ ဟောပြောခြင်းနဲ့ သင်ကြားပေးမယ့်သူတွေအတွက်ကတော့ အွန်လိုင်းတွေ့ဆုံခြင်းတွေလည်းပါမယ်။ သဘောကတော့ မေးခွန်း တွေရှိရင်ဖြေပေးလို့ရအောင်ရယ် သင်ခန်းစာအပေါ်မှာ လေးနက်တဲ့အရာတွေဆွေးနွေးလို့ရအောင် အနာ ဂတ်မှာ ဘာတွေပြောင်းလဲတာမြင်ချင်လဲဆိုတာတွေ ကျွန်မတို့သိရအောင်လို့ပါ။

ဝင်လျှောက်ပြီးရင် ဘာဖြစ်လာမလဲ

လစဉ် ၂-၃. လအတွင်းအဖွဲ့သစ်ဂရုဖွဲ့ပါမယ်။ သင်ကလျှောက်ပြီးတာနဲ့အဖွဲ့ဝင်ဖြစ်သွားပါပြီ။ သင်ခန်းစာ အသစ်စတင်သည်နှင့် WhatsApp ကနေ သင်ခန်းစာများအပတ်စဉ်ရောက်လာပါမယ်။ သင်ခန်းစာများ အပတ်စဉ်ရောက်လာပါမယ်။ သင်ခန်းစာတွေက တခုနဲ့တခုမတူကြပါဘူး။ နယ်ပယ်အသီးသီး၌အမူတော်ဆောင်ခြင်း အိမ်နီးချင်းများကိုချစ်ခြင်း ခိုင်ခံ့သောအိမ်ထောင်ရေးနှင့် ငွေကြေးစီမံခြင်းစသည်ဖြင့်ပါ။ တနှစ်တာလုံးမှာ သင်ခန်းစာ(၄၀)ပို့ပေးမှာဖြစ်ပြီး သင်တို့၏အရေးပါသော အဖွဲ့ငယ်ကို ဟောပြောသင်ကြားနိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်။

Sample Lesson

Love God, Love your neighbour

Simple practical training
to help churches
experience God’s
transforming power in
every area of life

© 2021 Reconciled World

Reconciled World